Posts

Showing posts from March, 2018

ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၃)

ကိုယ်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ အဲဒီလို ကုန်းမြင့်တွေမှာ ဘယ်အချိန်က စပြီး အခြေချ နေထိုင်တယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူးပေါ့။ ဒါပေမဲ့ - ပခုက္ကူဘက်မှာ ဧရာဝတီမြစ်ရေ သိသိသာသာကို ကျဆင်းသွားလို့ ပေါ်လာတဲ့ သောင်ခုံတွေမှာ လူတွေ အခြေချ နေကြတာမျိုးကို ဥပမာအဖြစ် ယူဆကြည့်မယ်ဆိုရင်တော့ - ပင်လယ်တိမ်အရပ်မှာ ရေတွေ အတော်ကျသွားရမယ်၊ အချိန်ကြာကြာ ပြန်လည် ရေ မတက်တော့တာ ဖြစ်ရပါမယ်။ ဒါမှ အခြေချရဲကြမှာကိုး။ အခြေချရင်တော့ ကုန်းမြင့်တွေကို အရင်ဆုံး ရွေးကြမှာ သေချာသလောက်ပါ။ ဒီဘက်ခေတ်အထိ လူတွေ နေ၊ မနေကိုပါ ထည့်တွက် စဉ်းစားကြည့်ရင် ပိုကောင်းပါတယ်။ တောကျောင်းကုန်း။ ။ သင်္ဂဇာဆရာတော်ကြီးဟာ ရွာဘက်မှာ ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ဝါ ဝါဆိုခဲ့ဖူးပါတယ်။ "ဇာတိရပ်ဟောင်း၊ ရွာပေါက်ချောင်း၌၊ ကိန်းအောင်းတစ်ဝါ၊ နေပြီးကာမှ" - လို့ ကျောက်စာသံပိုင်းထဲမှာ တွေ့ရပါတယ်။ ဘယ်နေရာမှာ သီတင်းသုံးခဲ့သလဲဆိုတာ အတိအကျ? မသိရပေမယ့် ဒီတောကျောင်းမှာလို့တော့ ပြောကြပါတယ်။ ကိုယ့်အမေတို့ မှတ်မိသလောက်တော့ သူတို့ငယ်စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်လောက်ကစပြီး အဲဒီတောကျောင်းကုန်းမှာ ရဟန်းတော်များ သီတင်းသုံးတာ မတွေ့တော့ပါဘူးတဲ့။ အဲဒီအရင်ကတော့...

ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၂)

တဖြည်းဖြည်းနဲ့ နေရာကောင်းတွေ ပေါ်လာတဲ့အခါ ရေကြည်ရာ မြက်နုရာ ကုန်းမြင့်မြင့်တွေကို ရွေးလာကြတာ သဘာဝပဲ ထင်ပါတယ်။ မူလတုန်းက ပင်လယ်တိမ်ဆိုတဲ့ ရေဝင်ရပ် ဖြစ်နေတာကြောင့် ရေကျကာစ အချိန်တုန်းကတည်းက ကုန်းမြင့်တွေကို ရွေးခဲ့ကြမှာပါပဲ။ အခုခေတ်မှာလည်း အိမ်တွေမှာ ရေလွတ်အောင် မြေတွေ ဖို့ပြီး နေကြသလိုပေါ့လေ။ ပေါက်ချောင်းတစ်ဝိုက်မှာတော့ ကုန်းတွေကို (၉) ကုန်း ရှိတယ်လို့ ရှေးလူကြီးတွေ ပြောစမှတ်ပြုကြပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ ကုန်းတွေ အရေအတွက် ပိုများလာပါတယ်။ ကျွန်းရွာ (၁၂) ရွာ မကတော့သလိုပဲ ဖြစ်ပါလိမ့်မယ်။ ခေါ်ရကောင်းအောင် ကုန်း (၉) ကုန်းလို့ သတ်မှတ်တာလား ဒါမှမဟုတ် တခြားကုန်းတွေကို စာရင်းထဲ မထည့်တာလားဆိုတာကတော့ ဆက်လက် စဉ်းစားစရာ ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် ဟိုးအရင်က ကုန်းမြင့် အရေအတွက်ကို သိထားသင့်သလို ဒီဘက်ခေတ် ကုန်းမြင့်စာရင်းကိုလည်း သိထားရင် ပိုကောင်းတာပေါ့။ စာရင်းချကြည့်လိုက်တဲ့အခါ ဟောဒီလို တွေ့ရပါတယ်။ ၁။ တောကျောင်းကုန်း ၂။ သုံးအိမ်တန်းကုန်း ၃။ ရှင်ပင်ကုန်း (သုံးအိမ်တန်းကုန်းရဲ့ အနောက်ဘက်မှာလို့ ဆိုပါတယ်။ အုတ်ခဲတွေ ဘာတွေရှိ၊ ဂူရာတွေ (အုတ်ဂူရာတွေ) ရှိ၊ ဂူကုန်းလို့လည်း ခေါ်ကြတယ်လို့ ဆိုပါတယ်) ၄။ ဦးပ...

ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၁)

ဟိုးရှေးရှေးတုန်းက အခုခေတ် မြောင်နယ် တောင်လက်တစ်ဝိုက်ဟာ အခုလို ကုန်းမြေ မဟုတ်သေးဘဲ ရေပြင်ကျယ်ကြီးပဲ ရှိသေးတာဆိုပဲ။ အဲဒီ ရေပြင်ကျယ်ကြီးကို ပင်လယ်တိမ် -လို့ ရှေးလူကြီးတွေ ခေါ်ကြသတဲ့။ ပင်လယ်ဒိန်လို့ အသံထွက်ပြီး ပင်လယ်ရေတိမ်ပိုင်း-လို့ ဆိုလိုပါသတဲ့။ အဲဒီရေပြင်ကျယ်ကြီးရဲ့ မြောက်ဘက်ကမ်းခြေကတော့ ကျောက်ရစ်၊ ကိုးပင်၊ နဘက်၊ ကင်းရွာ -ဆိုတဲ့ အခုခေတ် ကျည်းတောကုန်းရွာတွေ ရှိပါသတဲ့။ ဟိုး ရှေးခေတ်တုန်းကတော့ ရေကြည်ရာ မြက်နုရာမှာ တည်ထားတဲ့ ရွာတွေလို့ ပြောရမှာပေါ့။ နောက်ပိုင်းခေတ်မှသာ ကျည်းကုန်းအရပ် ဖြစ်သွားကြတာတွေ။ ဒဏ္ဍာရီအဆိုအရတော့ ပေါင်လောင်ရှင်ကဿပ မထေရ်မြတ်ဟာ ကျောက်ရစ်ဘက်ကနေ (အခု ဧရာဝတီမြစ်အရှေ့ဘက်) ကျားတိုင်း၊ သိမ်ရွာတို့ဘက်ကို အဲဒီရေပြင်ကျယ်ကြီး = ပင်လယ်တိမ်ကို မိကျောင်းစီး ဖြတ်သန်းပြီး ဆွမ်းခံသွားလေ့ ရှိတယ်ဆိုပဲ။ အဲဒီ ရေပြင်ကျယ်ရေတွေ တဖြည်းဖြည်းနဲ့ လျော့လျော့သွားတော့ အခုခေတ် ခေါ်နေကြတဲ့ ကျွန်းဆိုတာတွေ ပေါ်လာသတဲ့ဗျ။ တောင်ဘက်ဆိုရင် ဒါးကျွန်းအထိ ရေက တဖြည်းဖြည်း လျော့ကျသွားတယ်ဆိုပဲ။ ဒီတော့ နဂိုတုန်းကဆိုရင် တို့ဒေသဟာ မေခနဲ့ မလိခ ဆုံသလိုမျိုး မြစ်ဆုံဒေသလို့ ခေါ်ရမယ့် အနေအထားပေါ့။ စကားမစပ် အနီးအနားက မြ...