ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၃)
ကိုယ်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ အဲဒီလို ကုန်းမြင့်တွေမှာ ဘယ်အချိန်က စပြီး အခြေချ နေထိုင်တယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူးပေါ့။ ဒါပေမဲ့ - ပခုက္ကူဘက်မှာ ဧရာဝတီမြစ်ရေ သိသိသာသာကို ကျဆင်းသွားလို့ ပေါ်လာတဲ့ သောင်ခုံတွေမှာ လူတွေ အခြေချ နေကြတာမျိုးကို
ဥပမာအဖြစ် ယူဆကြည့်မယ်ဆိုရင်တော့ - ပင်လယ်တိမ်အရပ်မှာ ရေတွေ အတော်ကျသွားရမယ်၊ အချိန်ကြာကြာ ပြန်လည် ရေ မတက်တော့တာ ဖြစ်ရပါမယ်။ ဒါမှ အခြေချရဲကြမှာကိုး။
အခြေချရင်တော့ ကုန်းမြင့်တွေကို အရင်ဆုံး ရွေးကြမှာ သေချာသလောက်ပါ။ ဒီဘက်ခေတ်အထိ လူတွေ နေ၊ မနေကိုပါ ထည့်တွက် စဉ်းစားကြည့်ရင် ပိုကောင်းပါတယ်။
တောကျောင်းကုန်း။ ။ သင်္ဂဇာဆရာတော်ကြီးဟာ ရွာဘက်မှာ ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ဝါ ဝါဆိုခဲ့ဖူးပါတယ်။ "ဇာတိရပ်ဟောင်း၊ ရွာပေါက်ချောင်း၌၊ ကိန်းအောင်းတစ်ဝါ၊ နေပြီးကာမှ" - လို့ ကျောက်စာသံပိုင်းထဲမှာ တွေ့ရပါတယ်။ ဘယ်နေရာမှာ သီတင်းသုံးခဲ့သလဲဆိုတာ အတိအကျ? မသိရပေမယ့် ဒီတောကျောင်းမှာလို့တော့ ပြောကြပါတယ်။ ကိုယ့်အမေတို့ မှတ်မိသလောက်တော့ သူတို့ငယ်စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်လောက်ကစပြီး အဲဒီတောကျောင်းကုန်းမှာ ရဟန်းတော်များ သီတင်းသုံးတာ မတွေ့တော့ပါဘူးတဲ့။ အဲဒီအရင်ကတော့ မပြောတတ်ဘူးပေါ့လေ။
သုံးအိမ်တန်းကုန်း။ ။ ရွာတွေ စုပေါင်းသွားတဲ့အခါမှာ ဒီသုံးအိမ်တန်းကုန်းက လူတွေက မြစ်ဆုံရွာဘက်ကို ပေါင်းစည်းသွားတယ်လို့ သိရပါတယ်။ ထူးခြားတာကတော့ ဒီဘက်ခေတ် ရောက်တဲ့အထိ သုံးအိမ်တန်းကုန်းမှာ လူတွေ နေသွားကြတယ်ဆိုတာပါ။ မြစ်ဆုံဘက်ကို မပေါင်းဘဲ ကျန်ခဲ့တာလားတော့ မပြောတတ်ဘူးပေါ့လေ။ မုံရွာဘက်က ကြောင်ပန်းတောရမှာ သီးတင်းသုံးတဲ့ (နှစ် သိပ်မကြာသေးခင်ကမှ ပျံလွန်တော်မူသွားတဲ့) မြစ်ဆုံ ဦးနန္ဒကို အဲဒီကုန်းမှာ ဖွားမြင်တာလို့ သိရပါတယ်။ ဒီသုံးအိမ်တန်း ဆိုတဲ့နာမည်ဟာလည်း ဘယ်အချိန်က စတင်ခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။ စတင် အခြေချကတည်းက အိမ် (၃) အိမ်ထဲမို့ ဒီလို ခေါ်သလား၊ ဒါမှမဟုတ် နောက်ခေတ်လူတွေက အဲဒီဘက်မှာ (၃) အိမ်တည်းပဲ ကျန်တော့တာ မြင်လို့ ဒီလို ခေါ်သလားဆိုတာကိုပေါ့။
ဦးပေကုန်း။ ။ ဒါကတော့ အခုချိန်ထိ သိနေကြတဲ့ အလယ်ရွာက ကုန်းမြင့်ပါ။ နေရာအတိအကျနီးပါး ပြောရမယ်ဆိုရင်တော့ ပြည်တော်သာချောင်းရဲ့ အရှေ့ဘက်(ပြည်တော်သာချောင်းဆိုတာ အနောက်ရွာနဲ့ အလယ်ရွာကြားက၊ မြသိန်းတန်ဘုရားရဲ့ အနောက်ဘက်ကလမ်းပါ။ အရင်ကတော့ ချောင်းပေါ့လေ။ ကိုယ်တို့ခပ်ငယ်ငယ်ကအထိ အဲဒီနားက ချိုင့်ဆန်ဆန်ပါ)၊ အလယ်ရွာ လမ်းရဲ့အနောက်ဘက်၊ အလယ်ရွာ အရှေ့အနောက် ရွာလယ်လမ်းရဲ့ မြောက်ဘက်၊ ကိုယ်တို့အိမ်ရှေ့က လမ်းရဲ့ တောင်ဘက်ပိုင်းပါ။ ဒီဒေသဟာ ပေါက်ချောင်းရဲ့ အစလို့ ပြောနိုင်တဲ့ အရပ်ဒေသပါ။
၅။ ဘီကုန်း။ ။ ဒါကတော့ အရှေ့ရွာ ချောင်းမြောက်ဘက်က။ နဂိုက ဘီရွာဆိုပြီး အခြေချခဲ့ကြတဲ့နေရာပါ။ အရှေ့ရွာရဲ့ ဘိုးဘေးဘီဘင်တွေ နေခဲ့တဲ့ အရပ်ပေါ့။
၈။ ရွှေမြင်တင်ကုန်း။ ။ ရွှေမြင်တင်ဘုရားရဲ့ မူလနေရာပါ။ ဦးပေကုန်းမှာ နေကြတဲ့ ရွာသူ ရွာသားတွေ ကိုးကွယ်ကြတဲ့ ရွာဦးဘုရား ဖြစ်နိုင်ပါတယ်။ အဲဒီကုန်းမြင့်မှာ ရဟန်းတော်များ သီတင်းသုံးခဲ့လောက်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်းကို မမေးမြန်းရသေးပါဘူး။
၁၀။ လေးဆူကုန်း။ ။ လွန်ခဲ့တဲ့ နှစ် (၅၀) ကျော်၊ (၆၀) လောက်တုန်းကတော့ အဲဒီမှာ ချုံနွယ်ပိတ်ပေါင်း အမျိုးမျိုးတွေ ထူထပ်နေတယ်ဆိုပဲ။ လူသွား လူလာ မရှိဘူးတဲ့။ တချို့တော့ ထင်းချိုးဘာချိုး သွားတတ်ကြတယ်ဆိုပဲ။ ဖောင်ရိုးချိုးသွားတယ်-လို့ စကား သုံးကြသတဲ့။ ကိုယ့်အဖေတို့ အရွယ်ကောင်းချိန်တုန်းကတော့ အဲဒီအရပ်က လူသူကင်းရှင်းတော့ အေးအေးဆေးဆေး တရားထိုင်?... ...အဲ.. မှားလို့ ဖဲဝိုင်းထိုင်ကြတယ်ဆိုပဲ။ ဘုရားကုန်းဆိုတော့ အေးချမ်းမှာပေါ့လေ။ ကိုယ့်အမေတို့ မှတ်မှတ်ရရတော့ အဲဒီကုန်းကို ရှင်းလင်းတာ တစ်ခါကြုံဖူးပါသတဲ့။ ဦးဘမောင်တို့ ဂိုဏ်းဆရာတွေ (တခြားရွာက ဂိုဏ်းဆရာတွေနဲ့) စုစည်းပြီး ဒီစေတီတော်တွေကို ပြင်ဆင်တဲ့သူပေါ်ဖို့ ဓာတ်ရိုက်ဓာတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းတော့ ခြုံနွယ်တွေပဲ စိုးမိုးနေခဲ့တာပါ။ ဒီဘက်ခေတ် ပြုပြင်ပြီးသွားတာတော့ အထိုက်အလျောက် သိကြမှာပါ။ ပြောသာပြောရတာ ကိုယ်တို့တော့ သိပ် မမှတ်မိချင်ဘူးဗျ။
ကျန်တဲ့ ကုန်းမြင့်တွေ အကြောင်းတော့ သိပ် မထူးခြားလှပါဘူး။ ဘုရားကုန်း၊ ဒါမှမဟုတ် ရဟန်းတော်တွေ တရားအားထုတ်တဲ့ ကုန်းမြေတွေလို့ ယူဆရပါတယ်။

Comments
Post a Comment